Thursday, 27 February 2014

The Simple Electric Circuit



လျှပ်စီးပတ်လမ်း တစ်ခုသည် လျှပ်စစ်ဓါတ်အား ထုတ်သော Power Source တစ်ခုရှိမှသာ စိးဆင်းနိုင်သည်။ဓါတ်ခဲ (သို့) ဘထ္တရီ၏ ငုတ်နှစ်ခုလုံးကိုချိတ်ဆက်လျှင် လျှပ်စစ်ပတ်လမ်းအပြည့် တစ်ခု Closed electric circuit ကိုရရှိမည်။

အကယ်ရ်ျ အဖိုငုတ် နှင့် အမငုတ်တို့ကို ချိတ်ဆက်လျှင် လျှပ်စစ်ပတ်လမ်းတို Electrical shortage တစ်ခုဖြစ်လာပေမည်။ပြန်လည် အားသွင်းခြင်း မပြုပါက အချိန်အတန်ကြာလျှင် ဘထ္တရီသည် အားကုန်သွားပေမည်
ိုနံပါတ် ၁ ပုံသည် လျှပ်စီးပတ်လမ်းတို Short circuit တစ်ခု၏ ၀ါယာရင်းပုံစံ ဖြစ်သည်။

အကယ်ရ်ျ မီးသီးတစ်လုံးကို ဘထ္တရီ ပတ်လမ်းအတွင်း ထည့်သွင်းလိုက်လျှင် မီးသီးသည် အားမကုန်သရွေ့  ထွန်းလင်းနေပေလိမ့်မည်။

နံပါတ် ၂ ပုံသည် ဘထ္တရီ နှင့် မီးသီးပတ်လမ်း တစ်ခု၏ ၀ါယာရင်း ပုံစံဖြစ်သည်။
အကယ်ရ်ျ အပိတ်အဖွင့် ခလုတ် Switch (make contact) တစ်ခုကို ပတ်လမ်းအတွင်း ထပ်မံဖြည့်စွက်လိုက်လျှင် မီးသီးကို အပိတ်အဖွင့် လုပ်နိုင်လာမည်။

ရိုးရှင်းသော လျှပ်စီးပတ်လမ်း တစ်ခု၏ ၀ါယာရင်းပုံတွင်
•လျှပ်စစ်စွမ်းအား ပင်ရင်း
•အပိတ်အဖွင့် ခလုတ်
•မီးသီး
တို့ပါဝင်သည်။

နောက်တစ်နည်းအားဖြင့် လျှပ်စစ်စွမ်းအင်ကို သုံးစွဲရာတွင်
•လျှပ်စစ်စွမ်းအား ပင်ရင်း
•အပိတ်အဖွင့် ခလုတ်
•ဓါတ်အားကို သုံးစွဲနိုင်သော ပစ္စည်း နှင့်
•လျှပ်ကူးပစ္စည်း
တို့လိုအပ်သည် ဟု ဆိုနိုင်သည်။

Post By_ Ko Htut

http://ourelectronicnote1.blogspot.com/ 

No comments:

Post a Comment