....
ဖုန်းဟာသ (1)
တစ်ခါတုန်းက ကျွန်တော့်ဆီ huawei y300 ရေ၀င်ထားတဲ့ ဖုန်းတစ်လုံးလာအပ်ဖူးပါတယ် ရေတွေလည်း အပေါ်မှာရေတွေလည်းဆိုလို့ပေါ့ဗျာ
ထားခဲ့ပေါ့ နောက် နှစ်ရက်လောက်နေတော့ ဖွင့်ကြည့်ပါတယ် ဟီး နံ လိုက်တာဗျာ တခါတည်းကို လွင့်ပြစ်လိုက်ရတယ် နောက်မှသိရတာ (အိမ်သာထဲကျလာတာ ပြီးရေဆေးလာတာ....)
ဖုန်းဟာသ 2
တစ်ခါတုန်းကပေါ့ဗျာ keypad နဲ့ touch ညင်းနေကျတာ keypad က ဘယ်လိုကောင်းတာ touch က ဘယ်လိုအားသာတာ ပေါ့ first men (keypad)ကပြောတာ..ဆိုင်ကယ်စီးရင
ဖုန်းဟာသ 3
တစ်ခါတုန်းကပေါ့ဗျာ ၁၅၀၀ တန် ဖုန်းတွေ စ ထုတ်ပေးကာစကပေါ့ သားလုပ်သူက ရွာမှာရှိတဲ့ သူဖခင်ဆီကို အထိုင်ဖုန်း တစ်လုံးဝယ်ပေး လိုက်တာ သားလုပ်သူက သူ့ အဖေဆီကို ဖုန်လှမ်းဆက်ကြည့်တယ် ဟယ်လို(hello) အဖေလားပေါ့ အဖေလုပ်သူက လည်းဖုန်းကောက်ကိုင်လိုက်ပါတယ် စကားပြောတဲ့ နေရာကို နားမှာကပ် နားထောင်ရမယ်နေရာကို ပါးစပ်မှာ ကပ် (ခိ ခိ) သားလုပ်သူက အသံသိပ်မကြားရတော့ အဖေ ပြောင်းပြန်ကြီး ဖြစ်နေပြီ ပေါ့ …ဒါနဲ့ အဖေလုပ်သူက လိုဟယ် လိုဟယ် (lohel)ကွာ ရပြီလားတဲ့ …………
ဖုန်းဟာသ 4
တစ်ခါတုန်းကပေါ့ဗျာ ကျွန်တော့် ဆီကို keypad (20000)တန့်ခန့်တစ်လုံး လာပြင်ဘူးပါတယ် အစပြောတာက သူ ဖုန်းက ဘာမှမပျက်ပါဘူးတဲ့ ရုပ်နဲ့ အသံဘဲမလာတာပါတဲ့ ဒါဆိုကျွန်တော်က ဘာပြင်ရမှာလည်းလို့ မေးတော့ အဲဒီရုပ်ကလေးနဲ့ အသံလေးမလာ တာလေးဘဲပေါ့တဲ့ လွယ်မှာပါ ဘာညာပေါ့ဗျာ အိမ်မှာက ဖုန်းတွေက အများကြီးပါ ခုဟာလေးက နှမျောလို့ ပြင်တာပါ ဘယ်လောက်ဘဲကုန်ကုန်(ကုန်ခြင်သလေ
ဖုန်းဟာသ 5
တစ်ခါတုန်းကပေါ့ ဗျာ ကာစတမ်မာတစ်ယောက် Huawei y 210c တစ်လုံးလာအပ်ပါ တယ် wifi မရတာ တဲ့ ကျွန်တော်က ပြောပါတယ် wifi မရတာက software ကြောင့်ဖြစ်နိုင်သလို hardware ကြောင့်လည်းဖြစ်နိုင်တယ်လို့ အဲဒီတော့ software ကြောင့်ဆိုရင် နောက်နှစ်နာရီလောက်ဆို ရမယ်လို့ Hardware ကြောင့်ဆိုရင်တော့ နှစ်ရက် သုံးရက်လောက်ကြာနိုင်တယ်ပေါ့ software ကြောင့်မဟုတ်ဘူးတဲ့ အထဲက wifi IC လေးသာ လည်းပေးပါတဲ့ အင် သေချာလှချေလား ဘယ်လိုစမ်းထားတာလည်း လို့မေးတော့ Factory reset ချ လိုက်တာ (ပြောသေးတယ် factory reset ဆိုတာ စက်ကို စက်ရုံက ချိန်တဲ့ အတိုင်း အသစ်ဖြစ်အောင်လုပ်ပေးတယ်တဲ့)ခိ
ဖုန်းဟာသ 6
တစ်ခါတုန်းကပေါ့ဗျာ ဆိုင်ကို power မနိုးတဲ့ စက် Huawei Y 300 c တစ်လုံးရောက်လာပါတယ် ဘယ်လိုက ဘယ်လိုဖြစ်တာလည်းလို့မေးတော့ သူက internet တညလုံးသုံးတာတဲ့ သုံးတော့ ပူလာလို့ စတိုးဆိုင်က ရေ ခဲဗူး (ခဲနေတဲ့ဗူး) ၀ယ်ပြီး ဖုန်းပေါ်တင်လိုက် ရေခဲဗူးပေါ် ဖုန်းတင်ပြီးသုံးလိုက်နဲ့ မကြာပါဘူး ဖုန်း power ပါပျောက်သွားလို့တဲ့ ကျန်ကျန်ဖန်ဖန်ဗျာ ဘာမှတော့သိပ်မဖြစ်ပါဘူး (အထဲမှာရေတွေ စိုနေယုံလေး)ဆေးကြောပြီး အပူပေးလိုက်တာကောင်းသွားပါတယ် ခိခိ
ဖုန်းဟာသ 7
တစ်ခါတုန်းကပေါ့ဗျာ ချင်းပြည်နယ်က လူ နှစ်ယောက် ရောက်လာပါတယ် ဘာတဲ့ ဖုန်းကဒ်တစ်ကဒ်လောက်တဲ့ G လား C လားလို့မေးတော့ ရတယ် G ဖြစ်ဖြစ် C ဖြစ်ဖြစ်တဲ့ ဖုန်းပြောရရင်ပြီးရောတဲ့ (ကျွန်တော်လည်း အရင်လို ရိုးရိုးမှတ်လို့ )ဒါနဲ့ C ၁၅၀၀ တန် ငွေကဒ် ပေးလိုက်တာပေါ့ မကြာဘူးပြန်ရောက်လာတဲ့ဗျ ထည့်လို့ လည်းမရဘူး ဘယ်လိုလည်း မင်းတို့ဆိုင်က အတုတွေရောင်းတာလား ဘာလား နဲ့ ဒါနဲ့ ကဲကျွန်တော်ထည့်ပေးပါ့မယ် Handset ကိုပေးပါ လို့ ဒီတော့မှ ဟီးဟီး Handset က Simcard မပါဘူးကိုး ဦးတို့ ဖုန်းက Simcard မပါတော့အသုံးပြုလို့မရဘူးလို့ .ဟာမင်းတို့ ဘဲပြောတယ်လေတဲ့ ဒီ ကဒ်ထည့်ရင်ပြောရတယ်ဆိုလိုထည့်တာ
ဖုန်းဟာသ 8
တစ်ခါတုန်းကပေါ့ဗျာ ..ကိုကပြင်ဆရာဆိုပေမယ့် လာပြင်တဲ့သူကပညာပေးသွားတာလည်းမန
ဖုန်းဟာသ 9
တစ်ခါတုန်းကပေါ့ဗျာ..Huawei U8825 တစ်လုံးလာပြင်တယ်ဗျ ဘာဖြစ်တာလည်းလို့မေးတော့ အားသွင်းရင်းနဲ့ ဖောင်းဆိုအသံမည်သွားတာတဲ့ (များသောအားဖြင့်လည်း သူတို့ ဖုန်းတွေ ပြစ်ချက် တွေလျှော့ပြောမှ ဈေး ဒါမှမဟုတ် ပြင်မယ်ထင်လို့လားတော့မသိဘူး)ကျ
ဖုန်းဟာသ 10
တစ်ခါတုန်းက သင်္ကြန်ပြီး တစ်ရက်မှာပေါ့ huawei C8650 လေး တစ်လုံးရေ၀င်လို့ လာပြင်တာ ဘာမှမလုပ်ခင် ရေ၀င်တာဆိုတော့ဖြုတ်ကြည့်တာပေါ့
တစ်ခါတုန်းကပေါ့ဗျာ…11
Samsung keypad တစ်လုံးအကြောင်းပါ logo မှာရပ်နေလို့ ဆေးတယ် သန်ရှင်းတယ် ဒါနဲ့ရသွားတယ် နှောက်နှစ်ရက်လောက်ရှိတော့ ပြန်ရောက်လာတယ် ပေါင်းတယ်ဆေးတယ် မရ အတွင်းပိုင်းလည်း ဗို့တွေက မှန်လို့ (power supply box )မရဘူးပေါ့ အိုင်စီဆိုတာလည်း လဲဖို့ မလွယ်ဘူးလေ ပြန်ပေးလိုက်တာပေါ့ နောက်ရက်ကျပြန်လာတယ် ပြန်ကောင်းသွားပြီတဲ့ အံ့သြတာနဲ့မေးကြည့်တာ ဘယ်မှာပြင်တာလည်း ပေါ့ ဟုတ်ဘူးတဲ့ ဒီလောက်တောင် မရတာဆိုပီး ကွိုင် ဖိုပေါ်တင် တာ ၅ မိနစ်လောက် ကြာတယ်တဲ့ လှော်ပြစ်တာတဲ့ ခုထိကောင်းသွားတယ်ဗျာ…ဟီး …ကို tin htut ရေ ခွင့်တောင်းပြီးသားနော်………..
ဖုန်းဟာသ 12
တစ်ခါတုန်းကပေါ့ဗျာ… ကျွန်တော်နဲ့ အရမ်း လည်းရင်းနှီး အရမ်းလည်း စပ်စုတတ်တဲ့ အမေးအမြန်းက လည်းသူမတူအောင်ထူးချွန်တဲ့သူ မေးလို့ဖြေရင်လည်း ဟေ ဟုတ်လား ဟေ ဟုတ်လား လို့နှစ်ခါ ပြန်မေး တတ်တဲ့သူ ချဲလည်း အရမ်းတွက်တတ်တဲ့သူ (တစ်ခါက သူ နဲ့တွေ့လို့ လူတစ်ယောက် ခံရဘူးတယ် ချဲဂဏန်းယူမလားတဲ့ ဟိုကလည်း အားနာသမှု့ နဲ့ ဟုတ်ကဲ့ပေါ့ ဦးတိန် က ဘော့ပင် ယူ တွက်နည်း တွေတွက်ပြတယ်ဗျ …ကြည့်တဲ့သူကလည်းအားနာလို့ ဟုတ်ကဲ့ ချင်းထပ်နေတာပေါ့ ပီးလည်းသွားရော
ခင်ဗျား အတိအကျပြန် တွက်ပြ ဆိုပြီး ပြောလို့ ရန်ဖြစ်ကျဘူးတယ်) အဲလိုလူ ရယ် . ဦး တိန် (နာမည် ပြောင်း) ဟိုအရင် ကက်ဆက် တီဗွီ တွေပြင် ကာစကတည်းက အသိမိတ်ဆွေပေါ့ ခုဖုန်းဆိုင်လေး ဖွင့်တော့ လည်း ခန ခနမေးတယ်ဗျ ကွန်ပြူတာပေါ်က အိုင်ကွန် လေးတစ်ခုအကြောင်းမေးတယ်ဗျ ပထမမေးတာက TuneUp Utilities …အဲဒါက ဘာခေါ်တာလည်း ဘာလုပ်တဲ့ဟာလည်းတဲ့ ကျုးအပ် လို့ခေါ်တယ် သူကတော့ ကွန်ပြူတာထဲက မလိုတဲ့ file system တွေ လည်းရှင်းပေး လို့ပြောယုံရှိသေး file system ကဘာလည်းတဲ့ …အင်းဘယ်လိုပြောရပါ ကွန်ပြူတာကြောင်းလည်းဘာမှမသိ တော့ အခက်သားဗျာ…file system ဆိုတာ ကွန်ပြူတာမှာ မသုံးတဲ့ မလိုတဲ့ ဟာတွေလို့ပြောပီး မအားချင်ရောင် ဆောင်နေရတယ် ခိ ခိ …ခု တခါက သူ့ သား ရဲ့ Huawei y220 မြန်မာစာထည့်ချင်လို့တဲ့ ရတယ် ဆိုပြီး ResearchDownload နဲ့ကစ်မလို့ ဖွင့်လိုက်ရော အဲဒါဘယ်လိုအလုပ်လုပ်တာလည်းတဲ့ စမေးပြီ ဟီးဒီကလည်း အကြောင်းသိဆိုတော့ ပါစပ်ထဲ ရှိ တဲ့ သူနားမလည် နိုင်လောက်တဲ့ English စကား ရှစ်ကွန့် ရှပ် လုပ်တာ လို့ ရှစ်ကွန့်ရှပ်က ဘာလည်း ဆိုဆက်မေးတော့ ဖလောက်ကီလုပ်တာ ဟေ ဟုတ်လား ဖလောက်ကီ ဆိုတာ ကော ဘာလုပ်တာလည်းတဲ့ ပရစ်တန် ဆိုနာဗျူး လော့ကနာ လုပ်တာလို့ (ကျွန်တော်ကိုယ်တိုင်လည်းနားမလည
ဖုန်းဟာသ 13….
တစ်ခါတုန်းကပေါ့ဗျာ…
ပေါင်းစက်ပေါင်းနည်း အသစ်ပါ
Samsung glaxy y တစ်လုံး ရေ၀င်လာလို့ ဆိုတဲ့တစ်ယောက်ပါ ဘာဖြစ်လာလည်းဆိုတော့ ပြင်လာတာတဲ့ ဘယ်လိုလုပ်လာလည်းဆိုတော့ ပေါင်းစက်နဲ့ပေါင်းလာတာ ကျွန်တော်တို့ပေါင်းတာက စက်ပြားကိုထည့် camera & vibitor &…အစရှိသဖြင့်ဖြုတ် သင်နာလေး မြုတ်ယုံထည့် အခြေအနေပေါ်မူတည်ပြီး အချိန်ကိုသတ်မှတ် watt ကို သတ်မှတ်ပြီး ပေါင်းတာကိုး သူပေါင်းလာတာက ရေနွေးအပြည့်ထည့် camera တို့ ဘာတို့လည်းမဖြုတ် ခိခိ..
ရယ်သောသူအသက်ရှည်....
ကျော်ဇေမြင့် (တယ်လီမိုဘိုင်း pku)
No comments:
Post a Comment