Friday, 28 February 2014

အချက်ပေးသံမြည်ပါတ်လမ်း

မိမိလိုအပ်သလို အဆင်ပြေအောင် လှည့်ပါတ်သုံးစွဲနိုင်တဲ့ လုံခြုံရေးပါတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။
Security Cable ကို ပုံမှာပါတဲ့အတိုင်း  (J1) နဲ့ (J2) မှာ ဆက်သွယ်ထားမယ်ဆိုရင် FET ရဲ့ Gate ငုတ်
မှာ လုံလောက်တဲ့အ၀င်ဗို့အား မရရှိတာကြောင့် ရီလေး(Relay)ရဲ့ အလယ်ငုတ်ဟာ NOငုတ်မှာ မထိကပ်နိုင်ပဲစပီကာမှ မည်သည့်အသံမှ မပေါ်ထွက်နိုင်ပါ။
အကြောင်း တစ်စုံတစ်ရာကြောင့် Security Cable ဟာ ပြတ်တောက်သွားခဲ့မယ်ဆိုရင် FET ရဲ့Gateငုတ်မှာ
လုံလောက်တဲ့ဗို့အား ရရှိသွားတာကြောင့် ရီလေး(Relay ) ဟာ ဗို့အားသက်ရောက်သွားပြီး အလယ်ငုတ်ဟာ NO ငုတ်နှင့် ပူးကပ်သွားပြီး စပီကာမှ အချက်ပေးသံ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
 
အဆင်ပြေသလို ချဲ့ထွင်အသုံးပြုနိုင်ကြပါစေ။
တည်ဆောက်အောင်မြင် ပျော်ရွှင်ကြပါစေခင်ဗျာ...။
 http://ourelectronicnote1.blogspot.com/

No comments:

Post a Comment