Sunday, 23 March 2014

Fluorescent Lamp တစ်ခု၏ အလုပ် လုပ်ဆောင်ပုံ



1.မီးခလုတ်ကို ဖွင့်လိုက်သောအခါ ဗို့အားအပြည့်သည် starter ၏ Contacts များသို့ရောက်သွားပြီး အလင်းကို
ထွက်စေသည်။

2.Contact များသည် ပူလာပြီး အဆက်အသွယ် ( Contact ) ဖြစ်စေသည် မီးချောင်း၏ လျှပ်ထုပ်တိုင် (electrode) များတို့ကို လျှပ်စီးဖြတ်သွားစေသည်။

3.Starter contacts များသည်ကွာသွားသောအခါ main discharge (အဓိကလျှပ်စစ်ထုတ်လုပ်မှု) သည် ဖန်ပြွန်ကိုရိုက်ခတ်သွားသည်။choke ၏ indutive ဓါတ်စီးပတ်လမ်းသည် ပျက်သွားခြင်းကြောင့် လိုအပ်သော လှိုင်းများပမာဗို့အား (voltage surge ) ကိုဖြစ်ပေါ်စေသည်။

4.Main Discharge အဓိကလျှပ်စစ်ဓါတ်ထုတ်လုပ်မှု့သည် ဖိအားနည်းပြဒါးငွေ့ ကို ရိုက်ခတ်သောအခါ choke အားဖြင့် လျှပ်စီးကန့်သတ်မှု့ဖြစ်သွားသည်။

5.မီးချောင်းအတွင်းဖြတ်သွားသော ဗို့အားသည် glow starter ၏ contacts များကို နောက်တဖန်ပြန်လည် စတင်ရန် မလုံလောက်သောကြောင့် starter ၏ contacts များသည် ဖွင့်လျှက်နေမည်။

6.starter ကို ယခုအခါ (By Passed) ဖယ်ထုတ်ထားသည်။

7.Fluorescent အမှုံများသည် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပြီး မျက်စိဖြင့် မြင်နိုင်သော ရောင်ခြည်သို့ပြောင်း
သွားသည်။

Starter ( Glow Start (or) Switch Start ) တစ်ခု၏ အလုပ် လုပ်ဆောင်ပုံ

Starter သည် လျှပ်စီးပတ်လမ်းကို အလိုအလျောက် အဖွင့်အပိတ် ပြုလုပ်ပေးသော ပစ္စည်းတစ်ခုဖြစ်
သည်။မျိုးမတူသော သတ္ထု (၂) မျိုးကို ပေါင်းစပ်ထားသော သတ္ထုပြားလေး (Bi-metal) နှင့် ငုတ်လေး ၂ ငုတ်သည် သာမန်အားဖြင့် ထိကပ်မနေပါ။ငုတ် ၁ ကို Bi-metal ဖြင့်ဆက်သွယ်ထားပြီး ငုတ် ၂ ကို မီးဇာငုတ်ဖြင့်ဆက်သွယ်ထားသည်။ မျိုးမတူသော သတ္ထု (၂) မျိုးကို ပေါင်းစပ်ထားသော သတ္ထုပြားလေး (Bi-metal) ပေါ်တွင် အပူဓာတ်ဖြစ်ပေါ်သောအခါ Bi-metal ငုတ် ၁ သည် ဆန့်သွားပြီး ငုတ် ၂ ဖြင့် ထိကာ လျှပ်စီးပတ်လမ်းသည် အပြည့်ဖြစ်သွားသည်။ငုတ် ၁ Bi-metal သည် အေးသွားသော အခါပြန်ကွေးသွားပြီး လျှပ်စီးလမ်းကြောင်းကို ပြတ်စေသည်။

အခြေခံလေ့လာနေသူများအတွက် ရည်ရွယ်ပါသည်။
Ko Htut
htttp://ourelectronicnote1.blogspot.com/

No comments:

Post a Comment