Saturday, 1 March 2014
0V to 30V ပါဝါဆပ်ပလိုင်း
သုညဗို့ (0V) မှ 30 ဗို့အထိကို 5 A လျပ်စီးကြောင်းဖြင့် လိုအပ်သလို အသုံးပြုနိုင်တဲ့ ပါတ်လမ်းတစ်ခုပါ။
LM 723 IC တစ်လုံးနှင့် 2N 3055 power Transistor နှစ်လုံးတို့ကို တွဲဖက် အသုံးပြုထားပါတယ်။
မိမိထုတ်ယူသုံးစွဲတဲ့ လျပ်စီးကြောင်း(A) ပေါ်မှာမူတည်ပြီး 2N 3055 ထရန်စစ္စတာနှစ်လုံးဟာ အပူချိန်မြင့်လာနိုင်တာကြောင့် Heatsink (အပူခံပြား) ကိုပါ တပ်ဆင်ပေးထားရမှာ ဖြစ်ပါတယ်။
VR-1 (5K) ရီစစ္စတာကို လှည့်လှည်ခြင်းဖြင့် မိမိအသုံးပြုလိုတဲ့ ဗို့အားပမာဏကို ချိန်ညှိနိုင်ပါတယ်။
PCB ဖြင့် အသုံးပြုလိုသူတွေအတွက်လဲ PCB ကိုပါ ဖော်ပြပေးလိုက်ပါတယ်ဗျာ..။
(ရန်ကုန်မှာဆိုရင်တော့ လသာလမ်းက ဥသြအီလက်ထရောနစ်မှာ ပုံကိုပြပြီး PCB မှာယူနိုင်တယ်လို့ သိရပါတယ်ခင်ဗျာ...)
တည်ဆောက်အောင်မြင် ပျော်ရွှင်နိုင်ကြပါစေဗျာ....။
http://ourelectronicnote1.blogspot.com/
Labels:
ဆားကစ်ပါတ်လမ်း
Subscribe to:
Post Comments (Atom)
ကျေးဇူးပါ။ဆရာဒီထက်အဆပေါင်းများစွာအောင်မြင်ပါစေ။
ReplyDelete