Monday, 3 February 2014

Theory ပိုင်း လေ့လာလိုသော ညီအစ်ကိုမောင်နှမ များအတွက်ပါ။


TYPES OF TRANSMISSIONS

Analog Voice Transmissions
စဉ်ဆက်မပြတ်နှင့် ပြေပြစ်ချောမွေ့စွာ ပြောင်းလဲစီးနေသော လှိုင်းအကျယ် (သို့) ကြိမ်နှုန်းကို Analog Signal ဟုခေါ်သည်။
အသံ (စကားသံ) သည် Analog ပုံစံဖြစ်သည်။ ၄င်းတို့တွင် လှိုင်းကျယ်နှင့် ကြိမ်နှုန်းတို့ပြောင်းလဲမှုရှိသည်။ပုံတွင် အသံ Signal ၏တည်ဆောက်ပုံကို ဖော်ပြထားသည်။
Vertical ၀င်ရိုးသည် စွမ်းအင်ဖြစ်ပြီး Horizontal ၀င်ရိုးသည် ကြိမ်နှုန်းဖြစ်သည်။စကားသံ၏ ကြိမ်နှုန်းမှာ 100 Hz မှ 6,000 Hz အထိရှိသည်။တယ်လီဖုန်း Circuit များသည် ကန့်သတ်ထားသောကြိမ်နှုန်းကို စီးဆင်းစေရန်သာ Design လုပ်ထားသည်။သို့မှသာ မလိုလားအပ်သော ဆူညံမှုများကို ပျောက်စေရန် အတွက် တယ်လီဖုန်း Circuit များသည် သတ်မှတ်ထားသော ကြိမ်နှုန်းများကိုသာ သယ်ဆောင်စီးဆင်းပေးသည်။ထို့ကြောင့် တယ်လီဖုန်းများတွင်ရှိသော အသံလှိုင်းများမှာ 300 Hz မှ 3,000 Hz အတွင်းသာဖြစ်သည်။

TYPES OF TRANSMISSIONS

Digital Signals
DC ဗို့အားကို အဖွင့်အပိတ်ပြုလုပ်ခြင်း၊ DC Signaling ကဲ့သို့ (သို့) စဉ်ဆက်မပြတ်ဗို့အားကို ဆက်တိုက် အဖွင့်အပိတ် အမြန်နှုန်းဖြင့်ပို့ပေးခြင်းအားဖြင့် Signal သတင်းအချက်လက်များကို Digital Code အနေဖြင့်ပေးပို့နိုင်သည်။
Signal များကို ပတ်လမ်းအား အဖွင့်အပိတ်ပြုလုပ်ကာ ပေးပို့ခြင်းအစား Signal များအား Voltage 0 နှင့် 1 Level သတ်မှတ်ကာ တစ်ခုနှင့်တစ်ခုသတ်မှတ်ထားသည့်အချိန်အတွင်း
ပေးပို့သည်။
တယ်လီဖုန်စနစ်တွင် Binary Digital ဖြစ်သော 1 နှင့် 0 (bit) တို့သည်မည်သည့်
ဗို့အားကိုမဆို ကိုယ်စားပြုနိုင်သည်။ထိုသို့ bit များအားပေးပို့ရာတွင်သတ်မှတ်ထားသောအချိန်
အတွင်းပေးပို့သည်။
ဥပမာ-ပုံတွင်ပြထားသော 8 bits ရှိသော binary code ကိုသတ်မှတ်ထားသော
အချိန်ကို မူတည်ကာပေးပို့သည်။သတ်မှတ်ထားသော System Design အတွက်ကြာသော ကြိမ်နှုန်းကို မူသေသတ်မှတ်ထားရသည်။

နည်းပညာဗဟုသုတများ တိုးပွားကြပါစေ။
 Post by >> Ko Htut
http://ourelectronicnote1.blogspot.com/
 

No comments:

Post a Comment