Thursday, 20 February 2014
Door Watcher..
အဖွင့်၊ အပိတ် အခြေနေကို သိချင်တဲ့ တံခါးတွေမှာ တပ်ဆင်အသုံးပြုတဲ့ ပါတ်လမ်းလေးပါ။
တံခါးတစ်ခုစီမှာ အထူးပြုတပ်ဆင်ထားတဲ့ ခလုပ်လေးတွေကို အသုံးပြုပြီး တံခါးတွေကို ဖွင့်ထားလား ပိတ်ထားလားဆိုတာကို အာရုံခံထားပါတယ်။
တံခါးဟာ ပွင့်နေမယ်ဆိုရင် အဆိုပါခလုပ်ဟာ ပိတ်အခြေနေ ( လျပ်စီး စီးဆင်းနိုင်တဲ့ အခြေအနေ) ဖြစ်နေပါမယ်။
ခလုပ်လေးတွေတပ်ဆင်ထားတဲ့ တံခါးတစ်ခုခုဟာ ပွင့်နေမယ်ဆိုရင် 555 IC ရဲ့ ငုတ်နံပါတ် (၄) ဟာ Reset မလုပ်နိုင်တာကြောင့် အထွက်ငုတ်မှာ တပ်ဆင်ထားတဲ့
buzzer ဟာ အချက်ပေးသံ မြည်နေမှာ ဖြစ်ပါတယ်။
LED မီးလုံးလေးကို ကြည့်ပြီး ဘယ်တံခါးပွင့်နေတယ်ဆိုတာ အလွယ်တစ်ကူ သိနိုင်ပါလိမ့်မယ်။
ကျတော်အသုံးပြုဖူးတဲ့ ခလုပ်တစ်ချို့ကို နမူနာဖော်ပြပေးလိုက်ပါတယ်။ တစ်ခြားပုံစံမျိုးစုံနဲ့လဲ ရှိနိုင်ပါတယ်။ မိမိအဆင်ပြေသလို တီထွင်အသုံးပြုနိုင်ပါတယ်။
တည်ဆောက်အောင်မြင် ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ...
http://ourelectronicnote1.blogspot.com/
Labels:
ဆားကစ်ပါတ်လမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment