Thursday, 27 February 2014

Contactor တစ်ခု၏ ရည်ရွယ်ချက်


Contactor တစ်ခုသည် လျှပ်စစ်စွမ်းအား အသုံးချမှုအတွက် လျှပ်စစ်သံလိုက်နည်းဖြင့် မောင်းနှင်ထိန်းချုပ်သော ခလုတ်တစ်မျိုးပင် ဖြစ်သည်။

Contactor တစ်ခု၏ တည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံ
တည်ဆောက်ပုံ
(၁) Coil (ကွိုင်)
(၂) Control Circuit အတွက် Connnection
(၃) Core (ကိုး)
(၄) Armature (အာမေချာ)
(၅) Armature spring (အာမေချာ စပရင်)
(၆) Make Contacts (ထိဆက်များ)
(၇) Break Contacts (ဖြတ်ဆက်များ)
(၈) Connections for the switch circuit (Switch Circuit အတွက် Connection များ) အစရှိသည်တို့ဖြင့်တည်ဆောက်ထားပါသည်။

Contactor တစ်ခု၏ အလုပ်လုပ်ပုံ
ကွိုင် (၁) ကို Control circuit ၏ ကြိုးဆက်အမှတ်များမှ ဓာတ်အားသွင်းလိုက်လျှင် ကိုး (၃) တွင်
သံလိုက်စက်ကွင်း တစ်ခုဖြစ်ပေါ်လာသည်။စပရင်များ (၅) ဖြင့်ပြုလုပ်ထားသော အာမေချာ (၄) ကို သံလိုက်စက်ကွင်းက ဆွဲငင်သည်။၎င်းမှ ထိဆက်အမှတ်များ (၆) က ထိကပ်သွားပြီး၊ ဖြတ်ဆက်အမှတ်များ (၇) ကခွာသွားသည်။

အခြေခံလေ့လာနေသူများအတွက် ရည်ရွယ်ပါသည်။
Ko Htut
htttp://ourelectronicnote1.blogspot.com/

No comments:

Post a Comment