Transistor များကို အသံအချက်ပြလှိုင်းများကို မူလစွမ်းအားမှ 
ပိုမိုကြီးမားလာအောင် ချဲ့ထွင်ပေးရာတွင်လည်းကောင်း၊ ဗို့အားများ 
စီးဆင်းရာတွင် အပွင့်၊အပိတ်အဖြစ်ခလုတ်တစ်ခုအသွင်ဖြင့်လည်းကောင်း 
အီလက်ထရောနစ်ပါတ်လမ်းများတွင် တွင်ကျယ်စွာ အသုံးပြုကြပါတယ်။
 ဖွဲ့စည်းတည်ဆောက်ပုံမှာ ပုံမှန် Transistor တစ်လုံးတွင်
Base (B)
Emitter (E)
Collector (C) ဆိုတဲ့ခြေထောက်ငုတ် သုံးငုတ်ပါဝင်ပါတယ်။
 အလုပ်လုပ်ပုံ သဘောတရားအရ Transistor များကို NPN Transistor နှင့် PNP Transistor လို့ အမျိုးအစား နှစ်မျိုး ခွဲခြားထားပါတယ်။
Transistor များကို အရွယ်အစားနှင့် ပုံစံမျိုးစုံထုတ်လုပ်ထားသော်လည်း အလုပ်လုပ်ပုံများမှာ တူညီကြပါတယ်။
မင်းညို (စိုင်ပြင်ကြီး)
minnyo.elec@gmail.com
 


 
No comments:
Post a Comment