ရန် ဆက်သွယ်ငုတ်များ ထုတ်ထားပြီး အလုံပိတ်ထားသော အီလက်ထရောနစ်ပစ္စည်းတစ်မျိုး
ဖြစ်ပါတယ်။ IC များကို ယေဘူယျအားဖြင့် Analog IC နှင့် Digital IC လို့ နှစ်မျိုး ခွဲခြားထားပါတယ်။
ဖွဲ့စည်းတည်ဆောက်ပုံမှာ IC ရဲ့ ဆက်သွယ်ငုတ်များကို ကိုယ်ထည်ရဲ့ ဘေးတစ်ဖက်တည်းတွင် လည်းကောင်း၊ ဘေးနှစ်ဖက်တွင် လည်းကောင်း။
ဘေး လေးဖက်စလုံးတွင် လည်းကောင်း အသွင်မျိုးစုံ၊ ပုံစံမျိုးစုံဖြင့်ဆက်သွယ်ငုတ်များ ထုတ်ပေးထားပါတယ်။
ဘေးတစ်ဖက်သာ ဆက်သွယ်ငုတ် ထုတ်ထားပုံ
ကိုယ်ထည်းဘေး နှစ်ဖက် ဆက်သွယ်ငုတ် ထုတ်ထားပုံ
ကိုယ်ထည်ရဲ့ဘေး လေးဖက်မှာ ဆက်သွယ်ငုတ် ထုတ်ထားပုံ
အီလက်ထရောနစ် ပါတ်လမ်းများတွင် အိုင်စီများကို တွင်းပေါက်ဖောက်ပြီး အသုံးပြုသကဲ့သို့ SMD ဟုခေါ်သော ပါတ်လမ်းမျက်နှာပြင်ပေါ်တွင် ပုံနှိပ်သကဲ့သို့လည်း အသုံးပြုကြပါတယ်။
IC ငုတ်နံပါတ် ရေတွက်ပုံ
IC များတွင် ငုတ်နံပါတ် ရေတွက်ရန်အတွက် အမှတ်အသားတစ်ခု ပါတတ်ပါတယ်။IC နံပါတ်(သို့မဟုတ်) IC ရဲ့ကိုယ်ထည်ပေါ်တွင် ရေးထားသော စာသားများကို မိမိဖက်မှ ဖတ်နိုင်သည့် အနေအထားတွင် ထားပါ။
ငုတ်နံပါတ် ရေတွက်ရန် အမှတ်အသားကို ရှာပါ။
ထိုအမှတ်အသားနှင့် တည့်တည်းရှိ ငုတ်မှ စတင်ပြီး နာရီလက်တံ ပြောင်းပြန်အတိုင်း ဆက်လက် ရေတွက်ရမှာ ဖြစ်ပါတယ်။
IC ကို အလုပ်လုပ်ပုံနှင့် အမျိုးအစားကို တစ်မျိုးတည်းပုံသေမှတ်သားထားလို့ မရပါ။ ၄င်း IC ရဲ့ နံပါတ်ကိုကြည့်ပီး သက်ဆိုင်ရာ Data sheet (အချက်အလက်အပြည့်အစုံ)
ကို ရှာဖွေ ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆို အိုင်စီရဲ့ အခြေခံအကြောင်းကို သိရှိနားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ..........
မင်းညို (စိုင်ပြင်ကြီး)
minnyo.elec@gmail.com
No comments:
Post a Comment