
 

 
ပုံကအသေးစိတ်မရိုက်ထားလိုက်ရလို့ပါ .ရေထဲပြုတ် ကျလာတာပါ  power မတက်တာပါပထမ
 ဖြုတ်ပီးပေါင်းလိုက်ပါတယ် နောက် power supply box နဲ့ချိတ်ကြည့်တော့ v ကော
 amp ကတော့ စောင့်တက်လိုက် ကျသွားလိုက်ပါဘဲ အရင်တခါတုန်းကလို 
ဇီနာဒိုင်အုပ်က ဖြစ်နေမလားတိုင်းကြည့်တော့ ကောင်းနေပါတယ် 
ပံပိုးပစ္စည်းတွေလည်းတိုင်းနိုင်သလောက်တော့ကောင်း တာဘဲ ic 
တလုံးလုံးကထင်တော့တာပါ ic လို့မယူဆခင် နောက်တခါပြန် စစ်ကြည့်ပါတယ် 
သေသေချာချာကိုကြည့်လိုက်မှတွေ့ပါပြီ simcard အထိုင် က သံဖရိမ် 
လေးကအစသေးသေးလေးက +v ပတ်လမ်းနေရာလေးကို ကျိုးပြီး ထောက်နေတာပါ ဖယ်ပြီးတော့ 
ပြန်တတ်တော့ စက်ကလေးကတက်သွားပါပြီ တက်ပြန်တော့လည်း screen 
ဘယ်ဘက်အောက်ချေနေရာလေးမှာ safemode ဆိုပြီးပေါ်နေပြန်ရော ဒါနဲ့v+ power 
နှိပ်ကြည့်တော့လည်းfirmware ဘဲသူ့အလိုလိုတင်နေတာပါ v_ power fastmode 
ဝင်တော့လည်းပုံမှန်ပါဘဲ  firmware ပြန်ရေးကြည့်ပါတယ် မရပါဘူး safemode 
ကပေါ်နေတာပါဘဲ ဒါနဲ့ volume - ကြောင့်ဖြစ်တတ်တယ်ဆိုတဲ့ ရေးတာတွေတွေ့ဘူးတာနဲ့
 volume - switch ကို တိုင်းကြည့်တော့ကောင်းနေပြန်ရော ဒါပေမယ့် 
တိုင်းရင်သာကောင်းတာ ပါ စက်ထဲတပ်လိုက်မှ 
အပူကြောင့်(သို့)လျှပ်စစ်စီးကြောင်းတွေကြောင့်လည်း 
အလုပ်သိပ်မလုပ်နိုင်တော့တာ ဖြစ်နိုင်တာကိုး နောက်ဆုံးဖြုတ်ဆေး 
ပီးပြန်တက်လိုက်တော့ 
အားလုံးပြန်ကောင်းသွားပါပြီ..(အခြေခံသမားများအတွက်သာပါ)

 
Credit to All...
ကျော်ဇေမြင့်
TELEMOBILE ( ပခုက္ကူ)
 
No comments:
Post a Comment