Sunday, 26 January 2014

မီးသီးထွန်းနိုင်ပြီး အားပြန်သွင်းမယ့် ဆားကစ်

တရုတ်နိုင်ငံထုတ် လပ်နှိပ်ဓါတ်မီးတွေမှာ အခု ဖော်ပြထားတဲ့ ဆားကစ်ပါတ်လမ်းနဲ့ ပုံစံတူညီတာတွေကို တွေ့ဖူးကြမှာပါ။
S1 ကို ရှေ့တိုး နောက်ဆုတ် လုပ်ပေးခြင်းအားဖြင့် အားသွင်းခြင်းနဲ့ မီးသီးထွန်းခြင်းကို ပြောင်းလဲတာ ဖြစ်ပါတယ်။
S1 ကို ယခုပုံပါအတိုင်း ထားမယ်ဆိုရင် AC plug မှတဆင့် AC 220 ဗို့ဟာ D2 နဲ့ D3 မှတဆင့် DC ဗို့အားအဖြစ် ပြောင်းလဲကာ Battery ကို အားဖြည့်သွင်းမှာ ဖြစ်ပါတယ်။
S1 ကို ရှေ့သို့ တိုးလိုက်ပါက Battery ဗို့အားဖြင့် LED 2, LED 3, LED 4 တို့ကို လင်းစေမှာ ဖြစ်ပါတယ်။


အားသွင်းနေတဲ့ အချိန်မှာ LED 1 ဟာ လင်းနေမှာ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ ပစ္စည်းတွေဟာ Np နဲ့ Ns ကလွဲလို့ ဈေးကွက်အတွင်းမှာ လွယ်ကူစွာ ၀ယ်ယူရရှိနိုင်ပါတယ်။ (ကွိုင်နဲ့ ထရန်စဖော်မာကို ဆက်လက်ဖော်ပြပေးပါမယ် ခင်ဗျာ.........)

ပုံပါအတိုင်း လက်တွေ့ တည်ဆောက်စမ်းသပ်နိုင်သလို အသင့်တည်ဆောက်ထားပြီးသား ကဒ်များစွာကိုလဲ တွေ့နိင်ပါတယ်။

သတိ။ ။ AC 220 ဗို့အားကို အခြေခံကာတည်ဆောက်တဲ့ အသုံးပြုဆားကစ်ပါတ်လမ်းဖြစ်တာမို့လို့ လက်တွေ့တည်ဆောက်ပါက အထူး သတိပြုကြပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ.........
အီလက်ထရောနစ် ၀ါသနာရှင်တို့အတွက် ဆက်လက်ကြိုးစားဖော်ပြပေးသွားပါမယ်................
အဆင်ပြေစွာ တည်ဆောက်အောင်မြင် ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ.....................


မင်းညို
minnyo.elec@gmail.com
http://ourelectronicnote.blogspot.com/

No comments:

Post a Comment