Friday 16 May 2014

LCD ကိုနားလည်ခြင်း (အပိုင်း.၁)



LCD (သို့) မှန်ပြားမျက်နှာပြင် နှင့် ကွန်ပြူတာမျက်နှာမော်နီတာများဟာ နောက်ဆုံးပေါ် နဲ့ အကောင်းဆုံး ကွန်ပြူတာတွေအတွက်ဖြစ်ပါတယ် ။Note book လိုအမျိုးအစားတွေမှာ သုံးနေတာကတော့ နှစ်အတော်ကြာပါပြီ။ဒါပေမယ့် နည်းပညာ ဖွံ ဖြိုးတိုးတက်လာမှု့က အရည် အသွေးနဲ့ အရွယ်အစားကို တိုးတက်လာစေသလို ဈေးနှုန်းကို လည်းကျဆင်းလာစေတဲ့ အတွက် Desktop computer တွေမှာပါ သုံးနိုင်လာပါတယ်။LCD တွေဟာ ပါးလွှာတယ် အလေးချိန် မစီးဘူး ပြီးတော့ CRT တွေထက်ပါဝါစား နည်းပါတယ်။
LCD ဆိုတာ ဘာလဲ ဘယ်လိုအလုပ်လုပ်သလဲ
LCD မှာသုံးထားတဲ့ liquid crystal ဆိုတာကို သြစတြီးယား လူမျိုး ရုက္ခဗေဒပညာရှင် ဖရက်ဒရစ် ရိန်းနင်းဇာ ဆိုသူက ၁၈၈၈ မှာ ရှာဖွေ တွေ့ရှိခဲ့တာပါ။liquid crystal ဟာ အရည်ပုံစံ မြင်တွေ့ရပီး အခဲပုံစံ molecules (အသေးငယ်ဆုံး အခြေခံယူနစ်) တွေ ပါပြန်ပါတယ် liquid crystal မှာပါဝင်တဲ့ အချောင်းပုံစံ molecules တွေကို လျှပ်စစ် စက်ကွင်းတွေနဲ့ လိုချင်သလို အနေအထားမျိုးကို ပြောင်းနိုင်ပါတယ် liquid crystal ကိုမြောင်းသေးသေးလေးတွေ အတွင်းမှာ လိုအပ်တဲ့ ဗို့အား ပြောင်းလဲပေးခြင်းဖြင့် l အလင်းရောင် ဖြတ်သန်းမှု့ကိုထိန်းချုပ်ပြီး လိုချင်တဲ့ပုံပေါ်အောင်ဆောင်ရွက်နိုင်ပါတယ်
Credit to All....& My Bro Kyaw Zay Ya

ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ )

No comments:

Post a Comment