Friday 13 June 2014

Low Power Audio Amplifier



555 IC ကိုတော့ အီလက်ထရောနစ် ၀ါသနာပါသူ၊ လုပ်ငန်းခွင် ၀င်ရောက်နေကြသူ တော်တော်
များများ ရင်းနီးကြမှာပါ။ Timer (သို့မဟုတ်) လှိုင်းထုတ်ပါတ်လမ်းအဖြစ် အသုံးများပါတယ်။
အခုတစ်ခါမှာတော့ Electronic Hub က Audio ပါတ်လမ်းမှာပါ အသုံးပြုလိုက်ပါတယ်။
အစည်းဝေးခန်းမ၊ သင်တန်းခန်းမ တို့မှာ အသုံးပြုဖို့ သင့်တော်ပါတယ်တဲ့။

အသံကို ချဲ့ထွင့်ခြင်းအပိုင်းနဲ့ လှိုင်းအလျားကို ကန့်သတ်ခြင်းဆိုပြီး ပါတ်လမ်းမှာ
အပိုင်းနှစ်ပိုင်းနဲ့ ဒီဇိုင်းပုံစံ ချထားပါတယ်။
TL071 (Op Amp) အိုင်စီနဲ့ အသံကို ချဲ့ထွင်ပြီး 555 အိုင်စီကို
astable အဖြစ်သုံးကာ လှိုင်းအလျားကို ကန့်သတ်လိုက်ပါတယ်။

(သီအိုရီအရ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး လက်တွေ့တည်ဆောက်ရင် နဲနဲပါးပါး ချိန်ညှိဖို့တော့ လိုမယ်) လို့လဲ
ဖော်ပြထားပါတယ်။
(၀ါသနာရှင်များနဲ့ စိတ်ပါဝင်စားသူများ တည်ဆောက်လေ့လာကြည့်နိုင်ဖို့ မျှဝေလိုက်ပါတယ်။)
Zue Zean

Reading the Samatic


ညီငယ်တစ်ယောက်တောင်းထားလို့ပါ....
Credit to All..
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)

Thursday 12 June 2014

3X3X3 LED Cube


555 IC ကို astable multivibrator(လှိုင်းထုတ်) ပုံစံအသုံးပြုပြီး Counter IC 4017 နဲ့တွဲဖက်ထားပါတယ်။
ဒီအိုင်စီနှစ်လုံးကို အသုံးပြုပြီး မီးပြေးလေးတွေကို တင်ပေးဖူးပါတယ်။
တည်ဆောက်အောင်မြင် ပျော်ရွှင်ခဲ့ကြမယ်ထင်ပါတယ်။
အခု မတူညီတဲ့ပုံစံလေးနဲ့ Electronics Hub ကဆွဲထားတဲ့ ဒီဇိုင်းလေးကလဲ အမြင်ဆန်းပြီး ကျေနပ်စရာလေးပါပဲဗျာ။
တည်ဆောက်အောင်မြင် ပျော်ရွှင်နိုင်ကြပါစေဗျာ..။


Zue Zean

အပြည့်အစုံကြီး မဟုတ်ပေမယ် အသုံးဝင်နိုင်တာမို့ မျှဝေပေးလိုက်ပါတယ်။

Zue Zean

ဖုန်းလောက ဟာသများ

ကျွန်တော်ရေးသော ဖုန်းဟာသများဟာ ကိုယ်တွေ့တွေပါဘဲ ဖုန်းပြင်သူများအမောပြေစေရန်နဲ့ ဗဟုသုတတိုးစေရန်သာပါ
....
ဖုန်းဟာသ (1)
တစ်ခါတုန်းက ကျွန်တော့်ဆီ huawei y300 ရေ၀င်ထားတဲ့ ဖုန်းတစ်လုံးလာအပ်ဖူးပါတယ် ရေတွေလည်း အပေါ်မှာရေတွေလည်းဆိုလို့ပေါ့ဗျာ
ထားခဲ့ပေါ့ နောက် နှစ်ရက်လောက်နေတော့ ဖွင့်ကြည့်ပါတယ် ဟီး နံ လိုက်တာဗျာ တခါတည်းကို လွင့်ပြစ်လိုက်ရတယ် နောက်မှသိရတာ (အိမ်သာထဲကျလာတာ ပြီးရေဆေးလာတာ....)

ဖုန်းဟာသ 2
တစ်ခါတုန်းကပေါ့ဗျာ keypad နဲ့ touch ညင်းနေကျတာ keypad က ဘယ်လိုကောင်းတာ touch က ဘယ်လိုအားသာတာ ပေါ့ first men (keypad)ကပြောတာ..ဆိုင်ကယ်စီးရင်း တောင် ဖုန်းကိုင်ရင် လွယ်တယ် မင်းတို့ touch လွယ်လားတဲ့ ခလုပ်ကို စမ်းနှိပ်ရတယ်တဲ့ .............[D;

ဖုန်းဟာသ 3
တစ်ခါတုန်းကပေါ့ဗျာ ၁၅၀၀ တန် ဖုန်းတွေ စ ထုတ်ပေးကာစကပေါ့ သားလုပ်သူက ရွာမှာရှိတဲ့ သူဖခင်ဆီကို အထိုင်ဖုန်း တစ်လုံးဝယ်ပေး လိုက်တာ သားလုပ်သူက သူ့ အဖေဆီကို ဖုန်လှမ်းဆက်ကြည့်တယ် ဟယ်လို(hello) အဖေလားပေါ့ အဖေလုပ်သူက လည်းဖုန်းကောက်ကိုင်လိုက်ပါတယ် စကားပြောတဲ့ နေရာကို နားမှာကပ် နားထောင်ရမယ်နေရာကို ပါးစပ်မှာ ကပ် (ခိ ခိ) သားလုပ်သူက အသံသိပ်မကြားရတော့ အဖေ ပြောင်းပြန်ကြီး ဖြစ်နေပြီ ပေါ့ …ဒါနဲ့ အဖေလုပ်သူက လိုဟယ် လိုဟယ် (lohel)ကွာ ရပြီလားတဲ့ …………

ဖုန်းဟာသ 4
တစ်ခါတုန်းကပေါ့ဗျာ ကျွန်တော့် ဆီကို keypad (20000)တန့်ခန့်တစ်လုံး လာပြင်ဘူးပါတယ် အစပြောတာက သူ ဖုန်းက ဘာမှမပျက်ပါဘူးတဲ့ ရုပ်နဲ့ အသံဘဲမလာတာပါတဲ့ ဒါဆိုကျွန်တော်က ဘာပြင်ရမှာလည်းလို့ မေးတော့ အဲဒီရုပ်ကလေးနဲ့ အသံလေးမလာ တာလေးဘဲပေါ့တဲ့ လွယ်မှာပါ ဘာညာပေါ့ဗျာ အိမ်မှာက ဖုန်းတွေက အများကြီးပါ ခုဟာလေးက နှမျောလို့ ပြင်တာပါ ဘယ်လောက်ဘဲကုန်ကုန်(ကုန်ခြင်သလောက်ကုန်)်ပြင်မယ် ဖြစ်သွားပြန်ရော အဲဒီအချိန်မှာ သူ့ သမီးလေးတစ်ယောက်လည်း ပါသဗျ သူ့သမီးက ဘာပြောလည်းဆိုရင် (မျက်နှာ ဟိုဘက်လွဲ ကျိတ်ရယ်နေရတယ်ဗျာ) အဖေကလည်းတဲ့ အိမ်မှာ ဘာဖုန်းမှ လည်းမရှိဘဲနဲ့ သူများဆီ သွားသွားဆက်နေရတာကို သမီးဖို့ game ဆော့ချင်လို့ လက်နဲ့တို့တဲ့ ဖုန်း ၀ယ်ပေးပါဆိုတာတောင် ၀ယ်မပေးဘူး တဲ့ ဖအေလုပ်တဲ့သူက သမီး ဟာဒီသမီးတော့ကွာ အသာနေစမ်း ကလေးနေရာ ကလေးမနေဘူး ဘာညာနဲ့ ဖုန်းကိုပြန်ယူပြီး ပြန်သွားပါလေရော…ခိခိ

ဖုန်းဟာသ 5
တစ်ခါတုန်းကပေါ့ ဗျာ ကာစတမ်မာတစ်ယောက် Huawei y 210c တစ်လုံးလာအပ်ပါ တယ် wifi မရတာ တဲ့ ကျွန်တော်က ပြောပါတယ် wifi မရတာက software ကြောင့်ဖြစ်နိုင်သလို hardware ကြောင့်လည်းဖြစ်နိုင်တယ်လို့ အဲဒီတော့ software ကြောင့်ဆိုရင် နောက်နှစ်နာရီလောက်ဆို ရမယ်လို့ Hardware ကြောင့်ဆိုရင်တော့ နှစ်ရက် သုံးရက်လောက်ကြာနိုင်တယ်ပေါ့ software ကြောင့်မဟုတ်ဘူးတဲ့ အထဲက wifi IC လေးသာ လည်းပေးပါတဲ့ အင် သေချာလှချေလား ဘယ်လိုစမ်းထားတာလည်း လို့မေးတော့ Factory reset ချ လိုက်တာ (ပြောသေးတယ် factory reset ဆိုတာ စက်ကို စက်ရုံက ချိန်တဲ့ အတိုင်း အသစ်ဖြစ်အောင်လုပ်ပေးတယ်တဲ့)ခိခိ …အဲဒီတော့ software ကြောင့်မဟုတ်ဘူးပေါ့တဲ့ အဲဒါကြောင့် IC လေးတွေ ဘဲလည်းပေးပါတဲ့ ကျွန်တော်လည်းပြောပါတယ် လဲချင်လည်း လွယ်လွယ်ကူကူ တော့ မဟုတ်ဘူး လို့ သူက ဘာပြောလည်းဆိုတော့ ဒီ IC လေးလဲတာ ထင်းရှုးဆီ အပျော့လေးပုံ Heat gun လေးနဲ့မှုတ် ဇာဂနာလေးနဲ့ ညှပ်ဆွဲလိုက် တဲ့ (ကိုယ်ထက် တတ်တဲ့ သူကရှိသေးဗျ)ဟိဟိ ကဲခနဗျာ ကျွန်တော်စမ်းလိုက်အုံးမယ် လို့ ဆိုပြီး Y210T Boot Repair Tool (ကိုဖြိုးချမ်း ဟာထင်တယ်) လေးနဲ့ လုပ်လိုက်တာ အဆင်ပြေသွားရော အဲဒီတော့ ဘာပြောလည်းဆိုရင် အင်ဒီလိုလည်းရတာပါဘဲလားတဲ့ sorry sorry ပါတဲ့ ..

ဖုန်းဟာသ 6
တစ်ခါတုန်းကပေါ့ဗျာ ဆိုင်ကို power မနိုးတဲ့ စက် Huawei Y 300 c တစ်လုံးရောက်လာပါတယ် ဘယ်လိုက ဘယ်လိုဖြစ်တာလည်းလို့မေးတော့ သူက internet တညလုံးသုံးတာတဲ့ သုံးတော့ ပူလာလို့ စတိုးဆိုင်က ရေ ခဲဗူး (ခဲနေတဲ့ဗူး) ၀ယ်ပြီး ဖုန်းပေါ်တင်လိုက် ရေခဲဗူးပေါ် ဖုန်းတင်ပြီးသုံးလိုက်နဲ့ မကြာပါဘူး ဖုန်း power ပါပျောက်သွားလို့တဲ့ ကျန်ကျန်ဖန်ဖန်ဗျာ ဘာမှတော့သိပ်မဖြစ်ပါဘူး (အထဲမှာရေတွေ စိုနေယုံလေး)ဆေးကြောပြီး အပူပေးလိုက်တာကောင်းသွားပါတယ် ခိခိ

ဖုန်းဟာသ 7
တစ်ခါတုန်းကပေါ့ဗျာ ချင်းပြည်နယ်က လူ နှစ်ယောက် ရောက်လာပါတယ် ဘာတဲ့ ဖုန်းကဒ်တစ်ကဒ်လောက်တဲ့ G လား C လားလို့မေးတော့ ရတယ် G ဖြစ်ဖြစ် C ဖြစ်ဖြစ်တဲ့ ဖုန်းပြောရရင်ပြီးရောတဲ့ (ကျွန်တော်လည်း အရင်လို ရိုးရိုးမှတ်လို့ )ဒါနဲ့ C ၁၅၀၀ တန် ငွေကဒ် ပေးလိုက်တာပေါ့ မကြာဘူးပြန်ရောက်လာတဲ့ဗျ ထည့်လို့ လည်းမရဘူး ဘယ်လိုလည်း မင်းတို့ဆိုင်က အတုတွေရောင်းတာလား ဘာလား နဲ့ ဒါနဲ့ ကဲကျွန်တော်ထည့်ပေးပါ့မယ် Handset ကိုပေးပါ လို့ ဒီတော့မှ ဟီးဟီး Handset က Simcard မပါဘူးကိုး ဦးတို့ ဖုန်းက Simcard မပါတော့အသုံးပြုလို့မရဘူးလို့ .ဟာမင်းတို့ ဘဲပြောတယ်လေတဲ့ ဒီ ကဒ်ထည့်ရင်ပြောရတယ်ဆိုလိုထည့်တာဘဲ ဘာညာနဲ့ ဗျာ စကားကလည်း ၀ဲနေ ဟုတ်ကဲ့ပါဗျာ ဆိုပီး ငွေကဒ်ပြန်ယူ လိုက်တယ် ဒါတောင် ဗြစ်တောက်ဗြစ်တောက် နဲ့ မကျေမနပ်ထွက်သွား တာ ဟီး

ဖုန်းဟာသ 8
တစ်ခါတုန်းကပေါ့ဗျာ ..ကိုကပြင်ဆရာဆိုပေမယ့် လာပြင်တဲ့သူကပညာပေးသွားတာလည်းမနည်းဘူးဗျ Huawei C 8816 တစ်ပေါက် ထည့် အဲဒီဖုန်းအမျိုးအစားကလည်း ကြောင်တောင်တောင် ရယ် SIM CARD CDMA 1500 ထည့် တခါတလေ တော်တော်နဲ တော်တော် ဖုန်းလိုင်းကတက်မလာဘူး ကျွန်တော်လည်း လုပ်နေကျအတိုင်း Romaning setting ထဲ က CDMA Network ကိုရှာ ဒါပေမယ့် မတက်ဘဲနေတတ်တယ်ဗျ (C ဆိုတော့ C network ဘဲရှာတာပေါ့) ဟုတ်ဘူးဗျ လာပြင်တဲ့သူက ပြောတာ GSM Network နဲ့ရှာရင် ခနနဲ့တက်တယ်တဲ့ စမ်းကြည့်တော့ ဟုတ်တယ်ဗျ ဟီး …ပညာပေကိုး

ဖုန်းဟာသ 9
တစ်ခါတုန်းကပေါ့ဗျာ..Huawei U8825 တစ်လုံးလာပြင်တယ်ဗျ ဘာဖြစ်တာလည်းလို့မေးတော့ အားသွင်းရင်းနဲ့ ဖောင်းဆိုအသံမည်သွားတာတဲ့ (များသောအားဖြင့်လည်း သူတို့ ဖုန်းတွေ ပြစ်ချက် တွေလျှော့ပြောမှ ဈေး ဒါမှမဟုတ် ပြင်မယ်ထင်လို့လားတော့မသိဘူး)ကျွန်တော်လည်းရိုးရိုး ဘဲထင်တာလေ Power supply ပုံးနဲ့ မချိတ်ခင် battery အားသွင်း ကွန်ပြူတာနဲ့ ချိတ်ကြည့်ပါတယ် ဘာမှတက်ဘူး ဒါနဲ့ Power supply ပုံးနဲ့ ချိတ် power switch ကိုနှိပ်တော့ Amp က 2 Amp လောက်တက်ပြီး ကျသွားတယ် 3 & 4 လောကငြိမ်နေတယ်ဆိုရင်တမျိုးပေါ့ ဒါနဲ့ ပြန်ပြောရတာပေါ့ battery မကောင်းတာလည်းမဟုတ်ဘူး အတွင်းပိုင်းပြင်ရမယ် ခနနဲ့ မရဘူး ဘယ်လောက်ကျမယ်ဆိုတာလည်းမပြောနိုင်သေးဘူး လို့ ဒီတော့မှ…သူကပြောတယ်ဗျ changer ခေါင်းမကောင်းလို့ ခေါင်းကိုဖြုတ်ကြိုးစထုတ် ပူးချင်သလိုပူး ပြီး AC နဲ့ တိုက်ရိုက်ထိုးလိုက်တာ တဲ့ တိန် သေရော (ကျန်ကျန်ဖန်ဖန်ဗျာ) အဲဒီအလုံး ဖြုတ်ကြည့်တော့ PA IC နေရာကော အနီးတ၀ိုက်မှာပါ မည်းချိတ်လို့ဗျာ ..ပတ်လမ်းတွေကော အစတွေ တောင် မရှိ ..ဒါနဲ့Board တော့ မရှိ ပြန်ပေးလိုက် ရတယ် ဟီး ဒါကြောင့် ပြင်သူရဲ့စကားဘဲယုံလို့မရဘူးဗျာ.. (ကျွန်တော်တို့ တီဗွီ ကက်ဆက်တွေပြင်တုန်းကတော့ AC ( သို့)DC ချိတ်ကြည့် အိုင်စီ ပူနေတယ်ဆိုရင် အဲဒီအိုင်စီကို မလဲရဲဘူးဗျ ဘာလို့လည်းဆိုတော့ အဲဒီအိုင်စီ ဆီ ဗို့ပေးတဲ့ အပိုင်းကပျက်နေရင် ဗို့အားတွေများနေရင် ထပ်လောင်မှာဘဲလေ ဒါကြောင့် အိုင်စီမလဲခင် အဲဒီအိုင်စီ ဆီ ပို့ပေးတဲ့ ဗို့အားလမ်းကြောင်းမှန်မမှန်အရင်စစ်ရတာ ဖုန်းကျတစ်မျိုးကြီးထင်နေမှာဆိုးလို့ပါ အနှေးနဲ့ အမြန်ဘဲကွာမယ်ထင်တယ် )

ဖုန်းဟာသ 10
တစ်ခါတုန်းက သင်္ကြန်ပြီး တစ်ရက်မှာပေါ့ huawei C8650 လေး တစ်လုံးရေ၀င်လို့ လာပြင်တာ ဘာမှမလုပ်ခင် ရေ၀င်တာဆိုတော့ဖြုတ်ကြည့်တာပေါ့ နေရာတိုင်းမှာရေစ ရေငွေ့လေးတွေ တွေ့နေရတယ် ဒါနဲ့သင်နာနဲ့ဆေးတယ် ပေါင်းတယ်ကောင်းသွားတယ် ဗျ နှစ်ရက်လောက်တော့ကြာသွားတာပေါ့ဗျာ လာယူတော့ ၄၀၀၀ တောင်းတာ များလို့တဲ့ ငါကနည်းလမ်းကသိတယ်တဲ့ ဆန်အိုးထဲထည့်လိုက်ရင် ရတာတဲ့ တိန်….ဒါဆိုလည်းဘာလို့လာပြင်တုန်းဗျာလို့ ပြောတော့ ဟီး… အိမ်မှာဆန်ပြတ်နေလို့တဲ့  (ဆန်ကအပူ ဆိုတော့ ရေစုတ်တာတော့အမှန်ပါ ဘယ် အကုန် စုတ်ထုတ်နိုင်မှာလည်းဗျာ ဒီလိုဆို ဘာလို့သင်နာလိုတော့မှာလည်းရေ၀င်ရင် ပထမဆုံးအနေနဲ့ Battery ဖြုတ်ပါ ဆိုင်သို့သာ အရင် ပြကျပါလို့ ) ခိ

တစ်ခါတုန်းကပေါ့ဗျာ…11
Samsung keypad တစ်လုံးအကြောင်းပါ logo မှာရပ်နေလို့ ဆေးတယ် သန်ရှင်းတယ် ဒါနဲ့ရသွားတယ် နှောက်နှစ်ရက်လောက်ရှိတော့ ပြန်ရောက်လာတယ် ပေါင်းတယ်ဆေးတယ် မရ အတွင်းပိုင်းလည်း ဗို့တွေက မှန်လို့ (power supply box )မရဘူးပေါ့ အိုင်စီဆိုတာလည်း လဲဖို့ မလွယ်ဘူးလေ ပြန်ပေးလိုက်တာပေါ့ နောက်ရက်ကျပြန်လာတယ် ပြန်ကောင်းသွားပြီတဲ့ အံ့သြတာနဲ့မေးကြည့်တာ ဘယ်မှာပြင်တာလည်း ပေါ့ ဟုတ်ဘူးတဲ့ ဒီလောက်တောင် မရတာဆိုပီး ကွိုင် ဖိုပေါ်တင် တာ ၅ မိနစ်လောက် ကြာတယ်တဲ့ လှော်ပြစ်တာတဲ့ ခုထိကောင်းသွားတယ်ဗျာ…ဟီး …ကို tin htut ရေ ခွင့်တောင်းပြီးသားနော်………..

ဖုန်းဟာသ 12
တစ်ခါတုန်းကပေါ့ဗျာ… ကျွန်တော်နဲ့ အရမ်း လည်းရင်းနှီး အရမ်းလည်း စပ်စုတတ်တဲ့ အမေးအမြန်းက လည်းသူမတူအောင်ထူးချွန်တဲ့သူ မေးလို့ဖြေရင်လည်း ဟေ ဟုတ်လား ဟေ ဟုတ်လား လို့နှစ်ခါ ပြန်မေး တတ်တဲ့သူ ချဲလည်း အရမ်းတွက်တတ်တဲ့သူ (တစ်ခါက သူ နဲ့တွေ့လို့ လူတစ်ယောက် ခံရဘူးတယ် ချဲဂဏန်းယူမလားတဲ့ ဟိုကလည်း အားနာသမှု့ နဲ့ ဟုတ်ကဲ့ပေါ့ ဦးတိန် က ဘော့ပင် ယူ တွက်နည်း တွေတွက်ပြတယ်ဗျ …ကြည့်တဲ့သူကလည်းအားနာလို့ ဟုတ်ကဲ့ ချင်းထပ်နေတာပေါ့ ပီးလည်းသွားရော
ခင်ဗျား အတိအကျပြန် တွက်ပြ ဆိုပြီး ပြောလို့ ရန်ဖြစ်ကျဘူးတယ်) အဲလိုလူ ရယ် . ဦး တိန် (နာမည် ပြောင်း) ဟိုအရင် ကက်ဆက် တီဗွီ တွေပြင် ကာစကတည်းက အသိမိတ်ဆွေပေါ့ ခုဖုန်းဆိုင်လေး ဖွင့်တော့ လည်း ခန ခနမေးတယ်ဗျ ကွန်ပြူတာပေါ်က အိုင်ကွန် လေးတစ်ခုအကြောင်းမေးတယ်ဗျ ပထမမေးတာက TuneUp Utilities …အဲဒါက ဘာခေါ်တာလည်း ဘာလုပ်တဲ့ဟာလည်းတဲ့ ကျုးအပ် လို့ခေါ်တယ် သူကတော့ ကွန်ပြူတာထဲက မလိုတဲ့ file system တွေ လည်းရှင်းပေး လို့ပြောယုံရှိသေး file system ကဘာလည်းတဲ့ …အင်းဘယ်လိုပြောရပါ ကွန်ပြူတာကြောင်းလည်းဘာမှမသိ တော့ အခက်သားဗျာ…file system ဆိုတာ ကွန်ပြူတာမှာ မသုံးတဲ့ မလိုတဲ့ ဟာတွေလို့ပြောပီး မအားချင်ရောင် ဆောင်နေရတယ် ခိ ခိ …ခု တခါက သူ့ သား ရဲ့ Huawei y220 မြန်မာစာထည့်ချင်လို့တဲ့ ရတယ် ဆိုပြီး ResearchDownload နဲ့ကစ်မလို့ ဖွင့်လိုက်ရော အဲဒါဘယ်လိုအလုပ်လုပ်တာလည်းတဲ့ စမေးပြီ ဟီးဒီကလည်း အကြောင်းသိဆိုတော့ ပါစပ်ထဲ ရှိ တဲ့ သူနားမလည် နိုင်လောက်တဲ့ English စကား ရှစ်ကွန့် ရှပ် လုပ်တာ လို့ ရှစ်ကွန့်ရှပ်က ဘာလည်း ဆိုဆက်မေးတော့ ဖလောက်ကီလုပ်တာ ဟေ ဟုတ်လား ဖလောက်ကီ ဆိုတာ ကော ဘာလုပ်တာလည်းတဲ့ ပရစ်တန် ဆိုနာဗျူး လော့ကနာ လုပ်တာလို့ (ကျွန်တော်ကိုယ်တိုင်လည်းနားမလည် ) လျှောက်ပြောတော့ ထပ်မမေးဘဲငြိမ်သွားတော့တယ် ဟီး……

ဖုန်းဟာသ 13….
တစ်ခါတုန်းကပေါ့ဗျာ…
ပေါင်းစက်ပေါင်းနည်း အသစ်ပါ
Samsung glaxy y တစ်လုံး ရေ၀င်လာလို့ ဆိုတဲ့တစ်ယောက်ပါ ဘာဖြစ်လာလည်းဆိုတော့ ပြင်လာတာတဲ့ ဘယ်လိုလုပ်လာလည်းဆိုတော့ ပေါင်းစက်နဲ့ပေါင်းလာတာ ကျွန်တော်တို့ပေါင်းတာက စက်ပြားကိုထည့် camera & vibitor &…အစရှိသဖြင့်ဖြုတ် သင်နာလေး မြုတ်ယုံထည့် အခြေအနေပေါ်မူတည်ပြီး အချိန်ကိုသတ်မှတ် watt ကို သတ်မှတ်ပြီး ပေါင်းတာကိုး သူပေါင်းလာတာက ရေနွေးအပြည့်ထည့် camera တို့ ဘာတို့လည်းမဖြုတ် ခိခိ..

ရယ်သောသူအသက်ရှည်....
ကျော်ဇေမြင့် (တယ်လီမိုဘိုင်း pku)

China Tablets Firmware Flashing


တရုတ်နိုင်ငံထုတ် Allwinner A10 , A13 Tablet တွေကို Firmware ပြန်ရေးတဲ့ အခါမှာ နီးစပ်ရာ A10 Rom နဲ့ A13 Rom တွေနဲ့ တင်တဲ့အခါမှာ အများစုကြုံတွေ့ရတာက Touch နှိပ်မရတော့တဲ့ပြသနာပါ။

အဲဒီပြသနာကို အနည်းငယ်ပြေလည်ဖို့ ကျွန်တော်လက်ရှိသုံးနေတဲ့ နည်းလမ်းကောင်းလေးတစ်ခုကို အကြံပြုkခြင်ပါတယ်။

အဲဒီနည်းလမ်းကတော့ Allwinner A10,A13 Tablets တွေရဲ့ PCB Board တွေပေါ်မှာ ရေးသားထားတဲ့ info တွေကို တိုက်ပြီးတော့ Firmware ကို ဒေါင်းပြီးတော့ ရေးသားတဲ့နည်းလမ်းလေးပါ။

Allwinner Tablet အကုန်လုံးကို အဆင်ပြေမယ်လို့ မဆိုလိုပါဘူး။
Allwinner Tablet ဟုတ်မဟုတ်နဲ့ Spreadtrum ဟုတ်မဟုတ်ုကို သိချင်ရင်တော့ Tablet နောက်ဖုံးကိုခွာကြည့်လျှင်သိနိုင်ပါတယ် (အောက်မှာဖော်ပြထားတဲ့ ပုံမှာလေ့လာနိုင်ပါတယ်)။

လက်ရှိမြန်မာနိုင်ငံဈေးကွက်တွင်းမှာ တွေ့ရှိရတဲ့ တရုတ်နိုင်ငံထုတ် Tablet အချို့တွေမှာ သုံးထားတဲ့ Chip တွေကတော့ Allwinner A10,A13 ၊ Spreadtrum (SC 6820 ) တို့ပဲဖြစ်ပါတယ်။

Allwinner A10,A13 အသုံးပြုထားတဲ့ Tablet Brand တစ်ချို့ကတော့ MOMO,Samsung,Gopad နဲ့ အခြားနာမည်များ။ Spreadtrum (SC 6820 ) သုံး Tablet တစ်ချို့ကတော့ Samsung တံဆိပ်နဲ့ Tablet ပါ (သူ့ကို အဖုံးဖွင့်ပြီးမခွာပဲ Firmware ပုံမှန်လည်ပတ်နေချိန်မှာခွဲတဲ့နည်းလမ်းကတော့ Home Key,Back Key,Menu Key အစရှိတဲ့ကောင်တွေကို အလွယ်တကူအသုံးပြုလို့ရအောင် Screen ပေါ်မှာ အလုံးလေးတစ်လုံးပါပါတယ်၊ နောက်ဖုံးကို ခွာကြည့်မယ်ဆိုရင်တော့ Allwinner တွေလို တန်းပြီးတော့ မတွေ့နိုင်ပါဘူး Spreadtrum တွေက သံပြားကို ခဲလောင်းပြီးအုပ်ထားလေ့၇ှိပါတယ်)။

ကျွန်တော်အပေါ်မှာပြောပြထားသလောက်ဟာ ကျွန်တော်ကြုံတွေ့ ခဲ့သော အတွေ့အကြုံကိုရေးသားထားခြင်းပါ။ကျွန်တော် မမြင်ဖူး မသိဖူးသော အတွေ့အကြုံများလည်း ရှိနိုင်ပါတယ်။လိုအပ်တဲ့ အချက်တစ်ချို့ကို Comment ချန်ပေးထားခဲ့ပါခင်ဗျာ။

ကျွန်တော် တွေ့ကြုံဖူးခဲ့သော အတွေ့အကြုံတစ်ခုဟာ အတွေ့အကြုံမရှိဖူးသောသူတစ်ယောက်အတွက် အသုံးဝင်လျှင် ကျွန်တော်ကျေနပ်ပီတိ ဖြစ်ပါ၏။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ……။





Ko Htut

Phone & Tablet အများစုမှာပါရှိတဲ့ Componet လေးတွေပါ။










Post By Ko Htut